Monday, January 7, 2008

သို့ .... (2)

ချစ်သူ...

အရမ်းချစ်တရ် ..

ဒီစကား ခဏ ခဏ လည်း ပြောမိပါရဲ့

ခဏခဏလည်း ကြားနေရပါရဲ့

ဒါပေမယ့် ရိုးမသွားပါဘူး ချစ်သူရရ်

မင်းရဲ့ အချစ်ကိုလည်း လိုချင်မိပါရဲ့

ဖြစ်နိုင်မရ် ဆိုရင်ပေါ့လေ...

အသည်းကွဲ တမ်းတ လွမ်းဆွတ်ရခြင်း ဆိုတဲ့

ဒဏ်ရာ ခံစားချက်တွေကိုလည်း နားလည်ခဲ့ပါပြီ

နာကျင်ရတရ် .. မွန်းကျပ်ရတရ်

ဒါပေမယ့်လည်း နာကျင် မွန်းကျပ်မှုတွေထဲမှာ

ရုန်းမထွက်နိုင်အောင် ပျော်ရွှင်နစ်မျော်နေမိပြန်တရ်

လှလှပပ စကားလုံးတွေ.. နဲ့ မဆွဲဆောင်တတ်ဖူး ချစ်သူ

ဒါပေမရ့် မင်းကို ငါချစ်တဲ့ အချစ်က

ငါ့အတွက်တော့ ကမ္ဘာကြီး တစ်ခုလုံးကို လှပနေစေပါတရ်

တစ်ခုပဲ ပြောချင်တရ် ချစ်သူရရ်...

အရမ်းချစ်တရ်.............................. ။

No comments: