Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Friday, December 21, 2007

ဆုတောင်း

လောကကြီးမှာ ခြေဗလာနဲ့
လမ်းလျှောက်နေတဲ့ လူတစ်ယောက်အဖို့
လူတွေရဲ့ ညှီစော်နံတဲ့ မျက်ဝန်းတွေကို မုန်းတီးမိတယ်..
ကြာလာတော့လည်း ဒီအကြည့်တွေကို
သနားစရာအဖြစ် သဘောထားတတ်လာပါပြီ...
ပုံသေဆန်တဲ့ ဘ၀မှာ သမရိုးကျ အဖြစ်အပျက်တွေကို အသားကျနေတဲ့
လူတွေရဲ့ ပိတ်ထားတဲ့ စိတ်တံခါးကို နှမြောမိတယ်...
အတွင်းဗလာဖြစ်တယ်ဆိုတဲ့
ခွက်တစ်ခွက်ရဲ့ အဓိက အချက်ကို တန်ဖိုးမထားတတ်ပဲ
ခွက်ကို အလှဆင်ထားတဲ့ ပန်းကနုတ်တွေနဲ့ ရွှေချထားတဲ့ အပြင်ပိုင်းကိုပဲ
တန်ဖိုးရှိတယ်လို့ ထင်နေကြတဲ့ လူအချို့အတွက် ၀မ်းနည်းမိတယ်..
ကိုယ့်ဆန္ဒပြည့်ဖို့အတွက် ကောင်းကင်က ကြယ်လေးတွေ ကြွေမှာကို
တောင့်တနေတဲ့ လူတွေရဲ့ အတ္တကို ကြောက်ရွံ့မိတယ်..
ဖြစ်နိုင်မယ်ဆိုရင်တော့ ..
ကန္တာရထဲမှာ ညောင်ပင်တစ်ပင်ဖြစ်ချင်တယ်..
နေပူဒဏ်ကြောင့် ခြောက်သွေ့မသွားခင် တစ်ကယ်လိုအပ်တဲ့ တစ်စုံတစ်ယောက်အတွက်
အေးချမ်းမှု အရိပ်တစ်လေးတစ်ခု ပေးခဲ့ချင်လို့ပါ ....။

Thursday, December 20, 2007

သို့ ..

ချစ်သူ .. မင်းစကားလုံးတွေအောက်မှာ ကျရှုံးခဲ့တဲ့ငါ
ဆက်လက်ကျရှုံးနေချင်မိပါတယ်
ဘယ်အချိန်က ဘယ်လို စချစ်မိသွားလဲ
ငါမသိပါဘူး
ဘာကြောင့် ချစ်မိသွားလဲ
စဉ်းစားလို့ မရပါဘူး..
မင်းအတွက် ငါ့အချစ်က
အစမသိခဲ့သလို
အဆုံးလည်း မရှိနိုင်ပါဘူး..
ပိုင်ဆိုင်ခွင့်ကို မတောင်းဆိုလိုပါဘူး ချစ်သူ
ဒါပေမယ့်
ဖြစ်နိုင်မယ်ဆိုရင်တော့
ပိုင်ဆိုင်ချင်မိပါတယ်
အချစ်ဆိုတာ
ရယူခြင်းလား... ပေးဆပ်ခြင်းလား
ငါ့အတွက်တော့ အချစ်ဆိုတာ
ချစ်သူရဲ့ အပြုံးလေးတစ်ပွင့်ဖြစ်ဖြစ်
ချစ်သူရဲ့ ရီမောသံလေးတစ်ခုဖြစ်ဖြစ်
မြင်ခွင့် ကြားခွင့် ရမယ်
ချစ်သူရဲ့ ပျော်ရွှင်ခြင်းတွေကို
ဆောင်ယူပေးခွင့် ရမယ်ဆိုရင်ပဲ
ကျေနပ်ပါပြီ.. ချစ်သူ..။

Wednesday, December 19, 2007

The love, I need

When I sad,
I want to see your smile.
When I depressed,
I want to hold your hand.
When I happy,
I want to share that happiness with you.
When I want to cry,
I want you to hold me.
For all time...
I NEED you
I want you to beside me.
To be with me..
The thing is ..
I love you..
I will always love you
And I want you to love me too..