Thursday, December 20, 2007

သို့ ..

ချစ်သူ .. မင်းစကားလုံးတွေအောက်မှာ ကျရှုံးခဲ့တဲ့ငါ
ဆက်လက်ကျရှုံးနေချင်မိပါတယ်
ဘယ်အချိန်က ဘယ်လို စချစ်မိသွားလဲ
ငါမသိပါဘူး
ဘာကြောင့် ချစ်မိသွားလဲ
စဉ်းစားလို့ မရပါဘူး..
မင်းအတွက် ငါ့အချစ်က
အစမသိခဲ့သလို
အဆုံးလည်း မရှိနိုင်ပါဘူး..
ပိုင်ဆိုင်ခွင့်ကို မတောင်းဆိုလိုပါဘူး ချစ်သူ
ဒါပေမယ့်
ဖြစ်နိုင်မယ်ဆိုရင်တော့
ပိုင်ဆိုင်ချင်မိပါတယ်
အချစ်ဆိုတာ
ရယူခြင်းလား... ပေးဆပ်ခြင်းလား
ငါ့အတွက်တော့ အချစ်ဆိုတာ
ချစ်သူရဲ့ အပြုံးလေးတစ်ပွင့်ဖြစ်ဖြစ်
ချစ်သူရဲ့ ရီမောသံလေးတစ်ခုဖြစ်ဖြစ်
မြင်ခွင့် ကြားခွင့် ရမယ်
ချစ်သူရဲ့ ပျော်ရွှင်ခြင်းတွေကို
ဆောင်ယူပေးခွင့် ရမယ်ဆိုရင်ပဲ
ကျေနပ်ပါပြီ.. ချစ်သူ..။

No comments: