Thursday, December 20, 2007

ကိုယ့်ရဲ့ လက်တွဲဖော်

အပြင်မှာ မိုးဖွဲလေးတွေ ကျနေပြီ ကို... ကျွန်မရင်ထဲမှာလည်း မိုးတွေရွာနေပါတယ်။ ဒါပေမယ့် ကျွန်မရင်ထဲက မိုးတွေဟာ
ကျွန်မရင်ကို မအေးမြစေနိုင်ပါဘူး..။ ကို ... ကျွန်မတောင်းပန်ပါတယ်..။ တောင်းပန်ပါတယ်ဆိုတဲ့ စကားကလွဲပြီး ကျွန်မမှာ ပြောစရာ
မရှိတော့ပါဘူး။ ကို.. မေးခဲ့ဖူးတယ်နော်။ ဘာလို့ ချစ်ခဲ့တာလဲ တဲ့..။ အဲ့ဒီမေးခွန်းကို ကျွန်မ မဖြေတတ်ခဲ့ပါဘူး ကို .။
ကျွန်မ ကို့ ကို ချစ်ခဲ့တာ ဘာအကြောင်းပြချက်မှ မရှိပဲ ချစ်ခဲ့တာပါ..။ ချစ်မိလို့ ချစ်ခဲ့တာပါလို့ပဲ ဖြေစရာ
ရှိခဲ့ပါတယ်..ကို။
အခု .. အဲ့လို မေးခွန်းမျိုး ကို ထပ်မေးပြန်ပြီနော်..။ ဘာလို့ လမ်းခွဲမှာလဲတဲ့..။ ကိုရယ်.. ကို့ ကို သိပ်ချစ်ပါတယ်။ ဒါပေမယ့်
ကျွန်မက ခံနိုင်ရည် မရှိတဲ့ ပျော့ညံ့ညံ့ မိန်းမတစ်ယောက်ပါ။ ကို အဆက်အသွယ် မလုပ်ပဲ လျစ်လျှူရှုခဲ့တဲ့ လတွေ၊ ကို တခြား မိန်းကလေး
တစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ အချိန်တွေ .. အဲ့ အချိန်တွေ အားလုံးကို ကျွန်မ မသိချင် ယောင်ဆောင်ခဲ့ပေမဲ့ ရင်ထဲမှာ နာကျင်ခဲ့ရပါတယ် ကို။
ကိုရယ်.. ကို့ ရဲ့ အပြစ်တွေကို ထောက်ပြနေတာ မဟုတ်ပါဘူး။ ကျွန်မရင်ထဲ နာကျင်နေရတဲ့ အကြောင်းတွေကို ပြောပြတာပါ။
ကို .. ကျွန်မကို ဘယ်တုံးကမှ မချစ်ခဲ့ပါဘူး။ ကို .. က ကျွန်မကို ဘ၀ လက်တွဲဖော် တစ်ယောက်အနေနဲ့ လက်တွဲဖို့သာ ရွေးချယ်ခဲ့တာပါ။
ကွန်မဟာ ကို့ရဲ့ ချစ်သူ ဘယ်တုံးကမှ မဖြစ်ခဲ့ပါဘူး။ နှလုံးသားထက် ဦးနှောက်ကို အရေးပေးပြီး လက်တွဲဖော်ကို ရွေးချယ်တဲ့ ကို့ရဲ့ ဘဝ
မှာ ကျွန်မက အသင့်တော်ဆုံး အဖြည့်ခံတစ်ယောက်အဖြစ်သာ ရွေးချယ်ခံခဲ့ရတာပါ..။ ကိုနဲ့ အလိုက်ဖက်ဆုံး မိန်းမ တစ်ယောက်အဖြစ်
သပ်သပ်ပါ..။ ဒါတွေအားလုံးကို ကျွန်မ မသိချင်ပဲ သိနေပါတယ်..ကို။
ဘာတွေ ဘယ်လိုဖြစ်နေ နေ ကိုယ်ချစ်တာကသာ အဓိကဆိုတဲ့ စိတ်မျိုး ကျွန်မမှာ ရှိချင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို မချစ်တဲ့
ယောင်္ကျားတစ်ယောက်နဲ့ ဘယ်လိုမှ လက်မထပ်နိုင်ပါဘူး။ ကို .. ကျွန်မဘေးနား ရှိနေတဲ့အချိန်တွေမှာ ကို့ချစ်သူအကြောင်းဘယ်နှကြိမ်
စဉ်းစားမိမလဲ.. ကျွန်မ မသိချင်ပါဘူး..။ ကျွန်မက အချစ်ကို ရှေ့တန်းတင်တတ်တဲ့ မိန်းမတစ်ယောက်ပါ ကို..။ ကိုယ့်ကို မချစ်တဲ့သူကို
လက်ထပ်ဖို့ သတ္တိလည်းမရှိပါဘူး။ လက်ထပ်လို့ အတူနေတာ ကြာလာရင် သံယောဇဉ်ဖြစ်လာမှာပဲလို့ ပြောကြပါတယ်ကို ။ ဒါပေမယ့်
ကိုရယ်.. သံယောဇဉ်ဆိုတာ အချစ်မှ မဟုတ်တာ။ ကျွန်မ ကို့ဆီက အချစ်ကို လိုချင်မိပါတယ် မရနိုင်မှန်း သိရက်နဲ့ လိုချင်မိတာပါ။
ဒါပေမယ့် အဲ့လို ကို့အချစ်ကို လိုချင်တယ်ဆိုတာဟာ ကို့ ကို ပိုင်ဆိုင်ချင်တာမဟုတ်ပါဘူး..။ ကျွန်မချစ်သလို ပြန်ချစ်စေချင်တာပါ။
ဒါပေမယ့် ဖြစ်မလာနိုင်တော့ပါဘူး .. ကျွန်မသိပါတယ်ကို.. ကို့မှာ အရမ်းချစ်ရမယ့် မြတ်နိုးတန်ဖိုးထားရမယ့် မိန်းကလေး ရှိနေပြီးပြီ
မဟုတ်လား..။
အရာအားလုံးမှာ အရမ်းတော်တယ်ဆိုတဲ့ ကို က ကိုယ်ချစ်တဲ့ မိန်းကလေးနဲ့ လက်တွဲဖို့ သတ္တိမရှိဘူးနော်..။ ဒါပေမယ့် ကို့
ရင်ထဲမှာ သူကရှိနေ ပြီးပြီ မဟုတ်လား.. ကို ။ ဒါတွေအားလုံးကို သိနေတဲ့ ကျွန်မမှာ ဘယ်လိုမှ ခံနိုင်ရည် မရှိတော့ပါဘူး။ ဒါကြောင့်
ကျွန်မ ကိုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ..။ ကျွန်မကို ခွင့်လွှတ်ပါ ကို..။

No comments: